"ဟိုပုံး"

ဟိုပုံးမြို့နယ်အား မြို့အဖြစ် တရားဝင် အသိအမှတ်ပြုခဲ့သည်မှာ မြန်မာနိုင်ငံပြန်တမ်း အမိန့်ကြော်ငြာစာအရ (၁.၇.၁၉၇၂) ရက်နေ့တွင် ဖြစ်သည်။ ဟိုပုံးမြို့နယ်သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းတွင် တည်ရှိသည်။ ဟိုပုံးမြို့နယ်သည် တောင်ကြီးမြို့မှ ၁၂ မိုင် အကွာအဝေးတွင် တည်ရှိသည်။ အရှေ့မှအနောက်သို့ ၂၁ မိုင်၊ တောင်မှမြောက်သို့ ၅၇ မိုင် ရှည်လျားပြီး ၁၂၁၇.၈၃ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ အရှေ့ဘက်တွင် လွိုင်လင်နှင့်လဲချား၊ အနောက်ဘက်တွင် တောင်ကြီးနှင့်ရပ်စောက်၊ တောင်ဘက်တွင် ဆီဆိုင်၊ မြောက်ဘက်တွင် မိုင်းကိုင်မြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျှက် ရှိသည်။ ကုန်းမြင့်ဒေသဖြစ်သောကြောင့် မြေမှာ ညီညာပြန့်ပြူးခြင်းမရှိပါ။ မြေမျက်နှာသွင်ပြင်ကို လွင်ပြင်ဒေသ၊ တောင်တန်းဒေသနှင့် ချိုင့်ဝှမ်းဒေသဟူ၍ သုံးပိုင်းခွဲခြားနိုင်သည်။ မြို့နယ်၏ အရှေ့ဘက်တွင်ရှိသော မဲနယ် တောင်တန်းမှာ မြောက်မှတောင်သို့ သွယ်တန်းလျှက်ရှိသည်။ ချောင်းငယ်အနည်းငယ်ရှိပြီး မြောက်မှတောင်သို့ စီးဆင်းလျှက်ရှိသည်။ နမ့်တဘက်ချောင်းနှင့် နမ့်မဲသာ ချောင်းတို့မှာ ထင်ရှားသည်။ နမ့်တဘက်ချောင်းအား အသုံးပြု၍ ပုံးအင်းဒေသမှ နောင်မွန် ကျေးရွာသို့ စက်တပ်လှေများ အသုံးပြု၍ သွားလာကြပါသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၃၅၄၁ ပေတွင် တည်ရှိသည်။ အမြင့်ဆုံးတောင်မှာ မဲနယ်တောင် (၈၆၀၀၀) ပေဖြစ်သည်။ အေးမြသော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၃၉˚C ဖြစ်သည်။ ဟိုပုံးမြို့နယ်တွင် ရပ်ကွက် ၆ ခု၊ ကျေးရွာအုပ်စု ၂၂ စု၊ ကျေးရွာပေါင်း ၂၉၂ ရွာပါဝင်ပြီး လူဦးရေပေါင်း ၁၀၀၀၀၀ ကျော် နေထိုင်ကြသည်။ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုရှိသော မြို့နယ်တစ်ခုဖြစ်သည်။ ဒေသခံများသည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြသည်။ ရှမ်းပြည်နယ် တောင်ပိုင်းနှင့် အရှေ့ပိုင်းအား ဆက်သွယ်သော လမ်းမကြီးပေါ်တွင် တည်ရှိ၍ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည်။ အဓိကထွက်ကုန်များမှာ ကြက်သွန်ဖြူ၊ ပြောင်း၊ ပဲစဉ်းငုံ၊ ပန်းနှမ်း၊ သနပ်ဖက်၊ ဂျင်း၊ ဆနွင်း၊ ကြံတို့ဖြစ်သည်။

Attractions in ဟိုပုံး