"ချီဖွေ"

ချီ‌ဗွေမြို့နယ်ကို ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန (၄-၈-၁၉၇၂) ရက်စွဲပါ စာအမှတ်၊ ၁၀၃ /၅၃ /စိတ် (၁) ဖြင့် အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ ဖွဲ့စည်းခဲ့ပါသည်။ အရှေ့ဘက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အနောက်ဘက်တွင် အင်ဂျန်းယန်မြို့နယ်၊ တောင်ဘက်တွင် ဝိုင်းမော်မြို့နယ်နှင့် မြောက်ဘက်တွင် ဆော့လော်မြို့နယ်တို့ တည်ရှိပါသည်။ တောင်ကုန်း၊ တောင်တန်း၊ မြစ်ချောင်းများ ပေါများ၍ မြေပြန့်အနည်းငယ်သာရှိသည်။ မေခမြစ်သည် မြောက်မှတောင်သို့ မြို့အနောက်ဘက်မှ စီးဆင်း၍ ငေါချန်းခ၊ တမူးချောင်း၊ ချီဗွေချောင်းနှင့် တံငါချောင်းတို့မှာ အရှေ့မှအနောက်သို့ စီးဆင်းကာ မေခမြစ်အတွင်း စီးဝင်ကြသည်။ ပင်လယ်ရေ မျက်နှာပြင်အထက် ပျမ်းမျှ (၉၇၂)ပေရှိ၍ အနိမ့်ဆုံးအပူချိန်မှာ (၄စင် တီဂရိတ်) ဖြစ်ပါသည်။ ချီဗွေမြို့နယ်တွင် ပန်ဝါမြို့အပါ ရပ်ကွက် ၇ ခု၊ ကျေးရွာအုပ်စု ၄၂ စု ၊ ကျေးရွာပေါင်း ၁၁၈ ရွာ တို့ဖြင့် ဖွဲ့စည်း ထားပြီး လူဦးရေပေါင်း (၂၀၀၀၀) ကျော် နေထိုင်ကြပါသည်။

Attractions in ချီဖွေ