ဂူဝဂူ

Listing Description

ပုဏ္ဏားကျွန်းမြို့အနီး၊ ကုလားတန်မြစ်၏ အနောက်ဘက် ရန်ကုန်-စစ်တွေကားလမ်းမဘေး၊ ရွာဟောင်းရပ်ကွက်၊ စမြုံတော်ဓာတ်စေတီတောင်ဘက်အနီးတွင် တည်ရှိသည်။ မြောက်ဦးခေတ် မင်းဗာဘုရင်မင်းမြတ်သည် နန်းတက်အထိမ်းအမှတ် ဂူဘုရားကိုးဆူ တည်ထားကိုးကွယ်ရာ ဤဂူဝဂူဘုရားသည် တစ်ဆူအပါအဝင်ဖြစ်ပါသည်။ နှောင်းလူများက ထပ်မံကုသိုလ်ပြုကြသဖြင့် ဂူပေါက် ၁၁ ပေါက်အထိ ဖြစ်လာသည်။ ဂူမျက်နှာစာ အရှည် ၈၃ ပေရှိကာ ဂူလမ်းအရှည်မှာ ၇၄ ပေ ရှိသည်။ အချို့ဂူပေါက်တို့တွင် တံကဲလက်ရာများပါရှိသည်။ စမြုံတော်ဓာတ်စေတီနှင့် ဂူဝဂူဘုရားပွဲတော်ကို ဇန်နဝါရီလတွင် နှစ်စဉ်နှစ်တိုင်း စည်ကားစွာ ကျင်းပသည်။

 

မင်းဗာဘုရင်မင်းမြတ် နန်းတတ်အထိမ်းအမှတ်အဖြစ် တည်ထားခဲ့သောဂူကိုးဂူ -

ကျောက်တစ်လုံးဂူ

- နတ်တောင်ပြင်ဂူ

- တောင်ညိုဂူ

- ကြိမ်ခွေမော်ဂူ

- ဂူဝဂူ

- ဇီးကိုင်းဂူ

- ကူတောင်ဂူ

- နိုင်ငံတောင်ဂူ

- ပိုးရွှီပြင်ဂူတို့ ဖြစ်သည်။