"ပုသိမ်ကြီး"

ပုသိမ်ကြီးမြို့နယ်သည် ပြည်ထဲရေးဝန်ကြီးဌာန၏ (၁၂.၆.၁၉၅၉) ရက်နေ့တွင် ဖွဲ့စည်းခဲ့သော မြို့နယ်တစ်ခု ဖြစ်ပါသည်။ မြို့နယ်ဧရိယာစတုရန်းမိုင် (၂၃၁.၅၅) မိုင်ရှိပြီး အရှေ့ဘက်တွင် ပြင်ဦးလွင်မြို့နယ်၊ တောင်ဘက်တွင် အမရပူရ၊ မြောက်ဘက်တွင် မတ္တရာ၊ အနောက်ဘက်တွင် မန္တလေး(၅)မြို့နယ်၊ စစ်ကိုင်း(ဧရာဝတီမြစ်)တို့နှင့် နယ်မြေထိစပ်လျှက် ရှိပါသည်။ တောင်ကုန်းတောင်တန်းပေါများသော လွင်ပြင်ဒေသဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် (၂၅၀)တွင်ရှိပြီး အမြင့်ဆုံးတောင်မှာ ရှမ်းရိုးမတောင်တန်းပေါ်ရှိ နွားလဘို့တောင် (၃၁၈၈) ပေဖြစ်ပါသည်။ ပူပြင်းခြောက်သွေ့သော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ (၃၆.၉) ဒီဂရီ စင်တီဂရိတ်ရှိသည်။ မြို့နယ်အတွင်း ကျေးရွာရှိ အချို့ကျေးရွာများမှာ ဧရာဝတီမြစ်ကမ်းဘေးနှင့် မြစ်အတွင်း၌လည်း တည်ရှိကြသည်။ ပုသိမ်ကြီးမြို့နယ်ကို ရပ်ကွက်(၁)၊ ကျေးရွာအုပ်စု (၅၈)စုနှင့် ကျေးရွာပေါင်း (၁၄၀) ရွာတို့ဖြင့် ဖွဲစည်းထားကာ လူဦးရေ (၂၄၀၀၀၀) ကျော် နေထိုင်လျှက်ရှိပါသည်။ ဒေသခံပြည်သူများမှာ စိုက်ပျိုးရေးလုပ်ငန်း အဓိကလုပ်ကိုင်ကြ၍ အဓိကထွက်ကုန်မှာ စပါးဖြစ်သည်။ ကုန်းလမ်း၊ရေလမ်းဖြင့် သွားလာနိုင်ပြီး ဆက်သွယ်ရေး ကောင်းမွန်သော မြို့နယ်တစ်ခု ဖြစ်ပါသည်။

Attractions in ပုသိမ်ကြီး