ရတနာဖြူဖြူအောင်

Listing Description

၁၉၉၁ ခုနှစ် သြဂုတ်လ ၇ ရက်နေ့တွင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ မွေးဖွားခဲ့သည်။ ဒဂုံတက္ကသိုလ်မှ ဝိဇ္ဇာ ဘွဲ့ရရှိခဲ့သည် ။

၂၀၀၈ ခုနှစ်တွင် Stars & Models International သင်တန်းတက်ရောက်ခဲ့သည်။ ထို့နောက် မော်ဒယ်ရှိုးပွဲများစွာတွင် ပါဝင်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် Excellent Choice မှ ကျင်းပသော မော်ဒယ်ပြိုင်ပွဲတွင် People Choice Award ရရှိခဲ့သည်။ Master and Miss Chinese ပြိုင်ပွဲ  တွင်လည်း Miss Chinese Award ရရှိခဲ့သည်။

“မချောဆယ်ယောက် ကိုယ်တစ်ယောက်” ရုပ်ရှင်ဇာတ်ကားကြီးတွင် ပါဝင်သရုပ်ဆောင်၍ အနုပညာလောကသို့ စတင်ဝင်ရောက်လာခဲ့သည်။ ထို့နောက် နက္ခတ်မှားတဲ့တိုက်ပွဲ၊ ကောင်းကင်မှာအရုပ်ရေးတဲ့ကြယ်၊ ချောကလတ်၊ သူမ၊ တိတ်ဆိတ်သော သံယောဇဉ် စသည်ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်အားပေးမှုရရှိလာခဲ့သည်။

အဆိုတော်တစ်ယောက်အနေဖြင့် ၂၀၁၁ ခုနှစ် Shwe FM 2nd Anniversary အယ်လ်ဘမ်တွင် အဆိုတော် ဩရသနှင့်အတူ “ကံကောင်းတယ်” သီချင်းကို ပါဝင်သီဆိုခဲ့သည်။ တစ်ကိုယ်တော်သီချင်းများဖြစ်သော ငါ့ဘဝ၊ မက်မပြယ်၊ မိုင်ပေါင်းကုဋေ၊ မျှော်လင့်ရင်း စသည့်သီချင်းများမှာလည်း ပရိသတ်များအားပေးမှု ရရှိခဲ့သော သီချင်းများဖြစ်သည်။