"မိုင်းပျဉ်း"

မိုင်းပျဉ်းမြို့နယ်သည် ရပ်ကွက် ၇ ခု၊ ကျေးရွာအုပ်စု ၂၄ စု၊ ကျေးရွာပေါင်း ၃၉၃ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၁၄၁၆၇ ကျော် နေထိုင်ပါသည်။ မြို့နယ်ဧရိယာအကျယ်အဝန်း ၂၃၂၅.၀၀ စတုရန်းမိုင်ရှိပါသည်။ မိုင်းပျဉ်းမြို့နယ်၏အရှေ့ဘက်တွင် ကျိုင်းတုံမြို့နယ်၊ တောင်ဘက်တွင် မိုင်းဆတ်မြို့နယ်နှင့် မိုင်းတုံမြို့နယ်တို့နှင့် ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင် ကွန်ဟိန်းမြို့နယ်နှင့်ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင် မက်မန်းမြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိပါသည်။ မိုင်းပျဉ်းမြို့နယ်သည်အများအားဖြင့် တောင်ကုန်းတောင်တန်းများ ထူထပ်ပေါများသော ဒေသဖြစ်ပါသည်။ မိုင်းပျဉ်းမြို့နယ်တွင်သံလွင်မြစ်သည် အနောက်မြောက်မှအနောက်သို့၊ နမ့်ဆင်ချောင်းသည် အရှေ့မှတောင်သို့၊ နမ့်ခချောင်းသည် အရှေ့မှအနောက်သို့၊ နမ့်ပိန်းချောင်းသည် တောင်မှမြောက်သို့ စီးဆင်းပါသည်။

မိုင်းပျဉ်းမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက်အမြင့် ၁၅၁၈ ပေတွင်တည်ရှိပါသည်။ မြို့နယ်တွင်အမြင့်ဆောင်ထွဋ်မှာ လွယ်ဆီးတောင်ဖြစ်ပြီး အမြင့်ပေ ၇၃၂၉ ပေရှိပါသည်။

ဒေသသမိုင်းအကျဉ်း

(က) မိုင်းပျဉ်းမြို့နယ်ဟုသမုတ်ပုံ။ မြို့အနီးစီးဆင်းနေသောနမ့်ပင်းချောင်းသည်တောင်မှမြောက် သို့ပြောင်းပြန်စီးဆင်းနေခြင်းကို အကြောင်းပြု၍မိုင်းပင်းဟု ခေါ်ဆိုလာခဲ့ရာမှကာလ ရွှေ့လျားလာပြီး မိုင်းပျဉ်း ဟု အမည်တွင်လာခဲ့ကြောင်း သိရှိရသည်။

(ခ) စတင်တည်ထောင်ခဲ့ပုံ။ ရှမ်းညီနောင်(၄)ဦးဖြစ်သောအိုက်ဆူ၊အိုက်ရီ၊အိုက်စံနှင့်အိုက်ဆိုက် တို့ဦးစီးသောအိမ်ထောင်စုများက ကောဇာသက္ကရာဇ်၁၀၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်ဟုဆိုပါသည်။

(ဂ) အုပ်ချုပ်ရေးသမိုင်း

(၁) ပဒေသရာဇ်ခေတ်။ ပဒေသရာဇ်ခေတ်ဦးတွင်သူကြီးများအစဉ်အဆက်အုပ်ချုပ် လာခဲ့ပြီးကုန်းဘောင်ခေတ်နှောင်းပိုင်းတွင် ကျိုင်းတုံစော်ဘွားကခန့်အပ်သည့် မြို့စားများ အုပ်ချုပ်လာခဲ့ပါသည်။

(၂) ကိုလိုနီခေတ်။ ကိုလိုနီခေတ်၁၆၄၀ပြည့်နှစ်မတိုင်မီမြို့စားများပင်အုပ်ချုပ်လာခဲ့ ပါသည်။

(၃) ၁၉၄ဝ-၁၉၆၂။ ယင်းကာလဦးပိုင်းတွင်မိုင်းပျဉ်းမြို့နယ်ကိုမြို့နယ်ခွဲ(၉)ခုခွဲခြား၍ ယူကဝပ်ခေါ်သော မြို့စားများဖြင့်အစားထိုးအုပ်ချုပ်လာခဲ့ပါသည်။ထို့နောက်ဖျားဟု

ခေါ်သောမြို့စားများဖြင့်အစားထိုးအုပ်ချုပ်လာခဲ့ပြီး၁၉၆၂ခုနှစ်မတိုင်မီကာလများတွင် သမာဓိအဖွဲ့ဝင်(၄)ဦးပါဝင်သောအဖွဲ့(၉)ဖွဲ့ကနယ်ပယ်ခွဲခြားအုပ်ချုပ်လာခဲ့ပါသည်။

(၄) ၁၉၆၂-၁၉၇၄။၁၉၆၂ခုနှစ်တော်လှန်ရေးကောင်စီလက်ထပ်တွင်မြို့နယ်၊ရပ်ကွက်၊ ကျေးရွာအုပ်စုလုံခြုံရေးနှင့်အုပ်ချုပ်ရေးကော်မတီအဆင့်ဆင့်ဖွဲ့စည်းအုပ်ချုပ်လာခဲ့ ပါသည်။ယင်းကာလတွင်နယ်ခြားဝန်ထောက်၊နယ်ခြားမြို့ပိုင်၊ လက်ထောက်မြို့ပိုင်

များခန့်အပ်အုပ်ချုပ်စေခဲ့ပါသည်။

(၅) ၁၉၇၄-၁၉၈၈။ (၂-၃-၁၉၇၄)နေ့မှ(၁၈-၉-၁၉၈၈)နေ့ထိပြည်သူ့ကိုယ်စားလှယ်ပါဝင် သည့် မြို့နယ်/ ရပ်ကွက်/ကျေးရွာအုပ်စု ပြည်သူ့ကောင်စီများက အုပ်ချုပ်ခဲ့ပါသည် မိုင်းပျဉ်းမြို့နယ်အားပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန၏(၄-၈-၁၉၇၂) ခုနှစ် ရက်စွဲပါစာအမှတ်၊၁၀၃ / ၅၇ / စိတ်(၁)ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအရ လည်းကောင်း၊ တုံတာမြို့နယ်ခွဲအား ပြည်ထဲရေးဝန်ကြီးဌာန၏(၉-၈-၂၀၀၂)ခုနှစ်၊ ရက်စွဲပါစာအမှတ်၊ ၁၀၀၀ /၂၄ -၂၁ /ဦး၁ဖြင့်ထုတ်ပြန်သည့်အမိန့် ကြော်ငြာစာအရ ဖွဲ့စည်းခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာန၏(၂၂-၅-၂၀၁၄) ခုနှစ်ရက်စွဲပါစာအမှတ်၊၂၀၀/ ၈၆ (၉၃၂) / ဦး ၁(အထဥ)ဖြင့် ထုတ်ပြန်သည့်အမိန့်ကြော်ငြာစာ(၆၁၁/၂၀၁၄) အရတုံတာမြို့အဖြစ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။

Attractions in မိုင်းပျဉ်း