"ခရမ်း"

ခရမ်းမြို့နယ်၏ နောက်ခံသမိုင်းမှာ ၂ မျိုး ကွဲပြားလျှက်ရှိပြီး ရွာတည်ရှိရာအရပ်၌ မြို့ပျက်ခရမ်းပင်များ ပေါများသဖြင့် ခရမ်းရွာဟုလည်းကောင်း၊ မွန်လူမျိုးများ နေထိုင်ရာ မွန်ဘာသာဖြင့် ကရုမ်း၊ ကရမ်းမှ ခရမ်းဟုလည်းကောင်း အဆိုရှိပါသည်။ မွန်ဘာသာဖြင့် ကရုမ်းဆိုသည်မှာ မြေနုသော (သို့) ရေစီးနေသောချောင်းဟု အဓိပ္ပာယ်ရပါသည်။ ခရမ်းမြို့နယ်ကို ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ ၉.၉.၁၉၇၂ ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် ဖွဲ့စည်းခဲ့ပါသည်။ ခရမ်းမြို့နယ်တွင် ရပ်ကွက် ၁၃ ခု၊ ကျေးရွာအုပ်စု ၅၃ စု၊ ကျေးရွာပေါင်း ၁၆၄ ရွာပါဝင်ပြီး လူဦးရေပေါင်း ၁၆၀၀၀၀ ကျော် နေထိုင်ပါသည်။ ခရမ်းမြို့နယ်သည် ဧရိယာစတုရန်းမိုင်ပေါင်း ၂၃၆.၇၅ မိုင် ကျယ်ဝန်းပါသည်။ အရှေ့ဘက်တွင် မုတ္တမပင်လယ်ကွေ့၊ အနောက်ဘက်တွင် သန်လျင်မြို့နယ်၊ တောင်ဘက်တွင် သုံးခွမြို့နယ်၊ မြောက်ဘက်တွင် ကဝမြို့နယ်တို့ တည်ရှိပါသည်။ မုတ္တမပင်လယ်နှင့် ကမ်းရိုးတန်း ထိစပ်မှုမှာ ၅.၅ မိုင်ဖြစ်ပြီး ရေပိုင်နက်မှာ ကမ်းရိုးတန်းမှ ၅ မိုင်ဖြစ်ပါသည်။ ခရမ်းမြို့နယ်တွင် ၂၉ မိုင်ရှည်သော ခရမ်းချောင်းတစ်ခုတည်းသာရှိပြီး အရှေ့မှအနောက်သို့ စီးဆင်းလျှက်ရှိသည်။ ခရမ်းချောင်းသည် မိုးရာသီတွင် စက်လှေများဖြင့် သွားလာနိုင်သော်လည်း နွေရသီတွင် ရေခမ်းခြောက်သဖြင့် အသုံးမပြုနိုင်ပါ။ ခရမ်းမြို့နယ်သည် ပင်လယ်ရေ မျက်နှာပြင်အထက်အမြင့်ပေ ၁၂.၁၉၆ ပေအထက်တွင် တည်ရှိပြီး အမြင့်ဆုံးအရပ်ဒေသမှာ တမံကြီးကျေးရွာ ဖြစ်ပါသည်။ ခရမ်းမြို့နယ်သည် ပူအိုက်စွတ်စိုသော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၄၂.၄˚C ဖြစ်သည်။ ခရမ်းမြို့နယ်သည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မြင့်မားပြီး ပဲခူး-ရန်ကုန်-သံလျင်ကားလမ်းဘေးတွင် တည်ရှိ၍ လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်ပါသည်။ ဒေသခံပြည်သူများသည် လယ်ယာစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး အဓိက ထွက်ကုန်မှာ ဆန်စပါး၊ ပဲ၊ ဖရဲ၊ ငါးနှင့် အသားတိုးကြက်များဖြစ်ပါသည်။ ခရမ်းမြို့နယ်မှ သကျမာရဇိန်သွန်းဘုရားကြီးမှာ ထင်ရှားကျော်ကြားပါသည်။

Attractions in ခရမ်း