တောင်ဖူးဘုရားကြီး

Listing Description

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ တောင်ညိုဂူအနီး၊ တောင်ဖူးကျေးရွာတွင် တည်ရှိသည်။ မြောက်ဦးမြို့နယ် ဇီးဇာရွာသားဖြစ်သော ဦးရွှေအောင်က တစ်နိုင်ငံလုံးလှည့်လည် အလှူခံရရှိသော အလှူငွေများဖြင့် စတင်တည်ထားကိုးကွယ်ခဲ့သည်။ ဆင်းတုတော်ကြီးသည် ဉာဏ်တော်အမြင့် ၂၂ ပေရှိသော အုတ်အင်္ဂတေ ဆင်းတုတော်ကြီးဖြစ်သည်။ "တောင်းဖူးဘုရားလက်မောင်း အုတ်တစ်သောင်း"ဟု အဆိုထွက်ပေါ်ခဲ့ပြီး ရခိုင်ပြည်နယ်တွင် မည်မျှကြီးမားသော ဘုရားဖြစ်စေ "တောင်းဖူးဘုရားအောက်က"ဟူသော ပါးစပ်ရာဇဝင်ဆိုရိုးပင်ရှိခဲ့သော ကြည်ညို သပ္ပါယ်ဖွယ်ရာကောင်းသော ရုပ်ပွားတော်ကြီးဖြစ်သည်။