ဘစောဖြူမင်းဘုရား (ခေါ်) ဒိုင်းကျီကန်ဘုရားကြီး

Listing Description

မြောက်ဦးမြို့ သင်္ဘောဆိပ်တစ်ဖက်ကမ်းရှိ ဒိုင်းကျီကန်၏ အနောက်ဘက်တွင် တည်ရှိသည်။ ကောဇာသက္ကရာဇ် ၈၃၂ ခုနှစ် (အေဒီ ၁၄၇၀) တွင် ဘစောဖြူမင်းက တည်ထားကိုးကွယ်ခဲ့သည့် ဉာဏ်တော်အမြင့် ၉ ပေ ၃ လက်မရှိ ကျောက်ဆင်းတုတော်ကြီးဖြစ်သည်။ ဘစောဖြူမင်းသည် သမီးတော်ကြီး စောဥမ္မာကွယ်လွန်ခဲ့စဉ်က သမီးတော်ကြီးအား ရည်စူး၍ ဤဘုရားကို ကျောက်ဂူကြီးဖြင့် တည်ထားခဲ့သည်။ ယခုအခါ ဂူမှာပျက်စီးသွားပြီးဖြစ်သဖြင့် သိမ်တော်ဆောက်လုပ်ထားရှိပါသည်။ ဘစောဖြူမင်း၏ ကောင်းမှုဖြစ်သဖြင့် ဘစောဖြူမင်းဘုရားဟုလည်း ခေါ်တွင်သည်။