မြေငူကျွန်း

Listing Description

အနောက်ဖရုံကာကျွန်း (ခေါ်) မြေငူကျွန်းသည် ဘင်္ဂလားပင်လယ်အော်တွင်းတွင် တည်ရှိသည့် ကျွန်းတစ်ခုဖြစ်သည်။ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်တွင် ပါဝင်သည့် ကျွန်းတစ်ခုဖြစ်ကာ စစ်တွေမြို့၏ တောင်ဘက် ၅ ကီလိုမီတာအကွာတွင် တည်ရှိသည်။ မြေငူကျွန်းသည် ရခိုင်ပြည်နယ်ရှိ ဖရုံကာကျွန်းများအနက် အနောက်ဘက် အစွန်ဆုံး ကျွန်းလည်းဖြစ်ပြီး ၃၃ ကီလိုမီတာရှည်လျားကာ အကျယ်မှာ ၃.၈ ကီလိုမီတာခန့်ရှိကာ ကျွန်းပေါ်တွင် ရွာပေါင်း ၂၂ ရွာရှိသည်။ ပြိုင်းတောင်ကျေးရွာအုပ်စု၊ ပြိုင်းတောင်ကျေးရွာသည်‌ မြေငူကျွန်းတွင် လူဦးရေအများဆုံး နေထိုင်သောကျေးရွာဖြစ်သည်။ ကျွန်း၏တောင်ဘက်အစွန်းပိုင်းတွင် သမိုင်းဝင် ဆံတော်ရှင်စေတီတော် တည်ရှိသည်။