စမြုံတော်ဓာတ်စေတီ

Listing Description

ပုဏ္ဏားကျွန်းမြို့အနီး၊ ကုလားတန်မြစ်၏ အနောက်ဘက် ရန်ကုန်-စစ်တွေကားလမ်းမဘေး၊ ရွာဟောင်းရပ်ကွက်၊ ဂူဝဘုရားမြောက်ဘက်အနီး  သာလမယတောင်ထိပ်တွင် တည်ရှိသည်။ ကောဇာသက္ကရာဇ် ၂၂၂ ခုနှစ်တွင် ရခိုင်ဘုရင် သူရိယစက္ကမှ တည်ထားကိုးကွယ်ခဲ့သည်ဟု သမိုင်းမှတ်တမ်းများအရ သိရသည်။ ဘုရင်မင်းဖလောင်းက  သာသနာသက္ကရာဇ် ၂၁၂၂ ခုနှစ်၊ ကောဇာသက္ကရာဇ် ၉၅၃ ခုနှစ်၊ တန်ခူးလဆုတ် ၁ ရက်၊ တနင်္ဂနွေနေ့တွင် ပြန်လည်ပြုပြင်မွမ်းမံခဲ့သည်။ စမြုံတော်ဓာတ်စေတီနှင့် ဂူဝဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကို ဇန်နဝါရီလတွင် နှစ်စဉ်နှစ်တိုင်း စည်ကားစွာ ကျင်းပသည်။