လောကမာရဇိန်ဘုရား

Listing Description

ရခိုင်ပြည်နယ်၊ ပုဏ္ဏာန်းကျွန်းမြို့တွင် မြန်မာသက္ကရာဇ် ၁၃၆၇ ခု၊ နယုန်လပြည့် မဟာသမယနေ့ (ခရစ်နှစ် ၂၀၀၅ ခု၊ ဇွန်လ ၂၁ ရက်) ဗုဒ္ဓဟူးနေ့တွင် ကမ္ဘာ့သာသနာပြု မဟာဇေယျသိဒ္ဓိ အဓိဋ္ဌာန် ဆရာတော် ဘဒ္ဒန္တ ကုလရက္ခိတဦးစီး၍ စတင်အုတ်မြစ်ချကာ အလျား ပေ ၉၀ ၊ အနံ ပေ ၈၀ ရှိသော လောကမာရဇိန်သိမ်တော်ကြီး တစ်ဆောင်ကို မြန်မာငွေကျပ်သိန်းပေါင်း သုံးထောင် (၃၀၀၀) ကျော်ကုန်ကျခံကာ ဆောက်လုပ်ထားရှိပြီး သိမ်တော်ကြီး အတွင်း၌ မဟာမုနိဘုရားပုံစံတူ အမြင့်ဉာဏ်တော် ၁၃ ပေခွဲရှိသော ဆင်းတုတော်တစ်ဆူကို ပူဇော်ထားပါသည်။