ဝိဇ္ဇာဇော်ဂျီဘုရား

Listing Description

ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်ရှိ အံဖွယ်ကိုးပါးတွင် တစ်ပါးအပါအဝင် ဖြစ်ပါသည်။ ရွှေတိဂုံစေတီတော်၏ အနောက်ဘက်မုခ် နှင့် တောင်ဘက်မုခ်အကြား စနေဂြိုဟ်တိုင်ထောင့် မျက်နှာချင်းဆိုင်တွင် တည်ရှိသည်။ နေလဘုရား၏အရှေ့ဘက်တွင်ရှိပြီး စေတီငယ်ပေါ်တွင် ဇော်ဂျီရုပ်များပြုလုပ်ထားသည်ကို တွေ့ရသည်။ ဝိဇ္ဇာဇော်ဂျီဘုရားသည် မည်မျှပင်စော၍ ဘုရားပန်းလှူသော်လည်း ပန်းလှူပြီးသားဖြစ်နေသည်ကိုသာ တွေ့ရပြီး ပန်းမဦးဘုရားဟုအဆိုရှိသည်။ ဝိဇ္ဇာဇော်ဂျီဘုရားအား လောကီပညာရပ်အစီအမံတို့ဖြင့် ပြုလုပ်၍ တည်ထားသည့် ဘုရားတစ်ဆူဟုလည်း ဆိုကြသည်။