ဘိုးဘိုးအောင်ဂူဘုရား

Listing Description

ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် တနင်္ဂနွေထောင့်အနီး အာရုံခံတန်ဆောင်းအတွင်း တည်ရှိသည်။ ရုပ်ပွားတော်သည် အာသာဝတီ၊ သဇင်နီ၊ ဂမုန်းနီ စသော နတ်ဝှက်ပန်းများကို ကြိတ်၍ရသော နတ်ပန်းပေါင်းဖြင့် စီရင်လျက် ဘိုးဘိုးအောင်ကိုယ်တိုင် ဌာပနာသော နတ်ပန်းဆင်းတု ဟု အဆိုရှိသည်။ ယာဘက်လက်တော်တွင် စကြာပုံကို တင်ဆောင် ထုလုပ်ထားသည်။ ရုပ်ပွားတော်ရှိရာ လိုဏ်ဂူသည် ကျောဘက်တွင် ကပ်လျက်ရှိသည့် အုတ်စေတီအတွင်းသို့ ပေါက်ရောက်သည်ဟု ဆိုကြသည်။ ထိုနေရာသည် ဌာပနာတိုက်သို့ ဝင်ရောက်နိုင်သော ဂူပေါက်ဖြစ်သည်ဟု အဆိုရှိသည်။ အဓိဋ္ဌာန်ဝင် ဝတ်ပြုသူများအတွက် လိုဏ်ဂူအရှေ့တွင် ရာဇမတ်ကာလျက် သီးခြားနေရာ ပြုလုပ်ပေးထားသည်။