ရှင်မာလဲစေတီတော်

Listing Description

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့၊ အမှတ် (၅) ရပ်ကွက်တွင် တည်ရှိပါသည်။ စေတီတော်အား သာစည်မြို့တည်ပြီး ၈ နှစ်အကြာ သက္ကရာဇ် ၁၂၇၁ ခုနှစ်တွင် ဒေါ်မှည့်က မန္တလေးမြို့၊ မဟာမုနိဘုရားကြီး၏ မြောက်ဘက်အပြင်မီးတားတံတိုင်းအနီးရှိ ရှင်မာလဲစေတီတော်ပုံစံအတိုင်း သာစည်မြို့တွင် တည်ထားရာ မောင်ဖြစ်သူ ရှေ့နေဦးဖိုးရုံးမှ တာ၀န်ယူ၍ ပြီးစီးအောင် ဆောင်ရွက်ပေးခဲ့သဖြင့် ဦးဖိုးရုံးဘုရားဟု လူသိများပါသည်။ စေတီတော်ပုံသဏ္ဍာန်မှာ တာ၀တိံသာနတ်ပြည်မှ စူဠာမဏိ‌စေတီတော် ပုံဖော်ထားပြီး လောကပါလအရုပ် ၅ မျိုးနှင့် အာလိန်ငါးဆင့်ကို သရုပ်ဖော်ထားသည့် လက်ရာအလွန်ထူးခြားသေသပ်လှသော စေတီတစ်ဆူဖြစ်ပါသည်။ ဘုရားပွဲတော်ကို နှစ်စဉ် တန်ဆောင်မုန်းလပြည့်နေ့တွင် မြို့လုံးကျွတ်ကထိန်အလှူနှင့်တွဲ၍ စည်ကားစွာ ကျင်းပပါသည်။