ရှစ်မျက်နှာစေတီ

Listing Description

ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် ရာဟုထောင့်အနီးတွင် တည်ရှိသည်။ အထွတ်၌ ရွှေချထားသော စေတီငယ်တစ်ဆူဖြစ်ပြီး စေတီတွင် နေ့ရှစ်နေ့၊ ဂြိုဟ် ရှစ်လုံးကို ပြသော မုခ်ပေါက်များ ရှိသည်။ နေ့ရှစ်နေ့၏ ဆိုင်ရာ ဂြိုဟ်ရုပ်များလည်း ပြုလုပ်ထား၏။ ရှစ်မျက်နှာစေတီဟု ခေါ်ကြသည်။