ပင်းယအောင်စည်းခုံစေတီတော်

Listing Description

တံတားဦးမြို့နယ် စကားအင်းရွာ တံတားဦး- ကျောက်ဆည် သွားကားလမ်းအနောက်ဘက်တွင် တည်ရှိသည်။ အင်းဝနန်းစံ မင်းကြီးစွာစော်ကဲ တည်ထားကိုးကွယ်ခဲ့ပြီး ပင်းယမြို့ဟောင်းတွင် တည်ရှိသောကြောင့် ပင်းယအောင်စည်းခုံဟု ဘွဲ့အမည်ခေါ်ဆိုခဲ့ကြသည်။ နှစ်ကာလာကြာမြင့်လာသဖြင့် စေတီတော်သည် သဘာဝဘေးဒဏ်ကြောင့် ပျက်စီးခဲ့ပြီး အောက်ခြေလေးထောင့် ပစ္စယာ ၃ ဆင့်အထက်တွင် ရှစ်မြှောင့်ကြေးဝန်းပုံနှင့် ခေါင်းလောင်းပုံထိသာ ကျန်ရှိခဲ့သည်။ စေတီတော်၏ အောက်ခြေလေးထောင့်ရှိ နောက်ပိုင်းကိုယ်နှစ်ခွရှိသော မူလခြင်္သေ့ရုပ်များလည်း ပျက်စီးခဲ့ပြီး အောက်ခြေပစ္စယာတွင် ၅၅၀ ဇာတ်တော်များကို သရုပ်ဖော်ထားသည့် စဉ့်ကွင်းအချို့သာ ကျန်ရှိသည်။ ၂၀၀၅ ခုနှစ်တွင် အလှူရှင်များ၏ ကောင်းမှု၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ပြန်လည်တည်ဆောက်ပြုပြင်မွမ်းမံခဲ့ပါသည်။