ရွှေတိဂုံစေတီတော်

Listing Description

ရွှေတိဂုံစေတီတော်သည် ရန်ကုန်မြို့ ကန်တော်ကြီးပန်းခြံ၏အနောက်ဘက် အကျယ် ၁၁၄ ဧက ရှိသော သိင်္ဂုတ္တရကုန်းတော်ပေါ်တွင် တည်ရှိပြီး ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ အထွတ်အမြတ်ထားကိုးကွယ်ရာ စေတီတစ်ဆူဖြစ်သည်။ စေတီတော်၏ ဉာဏ်တော်အမြင့်မှာ ၃၂၆ ပေ (၉၉ မီတာ) ရှိပြီး စေတီတော်၏အရပ်လေးမျက်နှာတွင် အရံစေတီ ၄ ဆူ၊ အောက်ခြေပတ်လည်တွင် အရံစေတီ ၆၄ ဆူ တည်ရှိပါသည်။ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ သမိုင်းကြောင်းမှာ ဂေါတမဘုရားရှင်လက်ထက်တွင် ကုန်သည်ညီနောင်ဖြစ်သော တဖုဿနှင့် ဘလ္လိကနှစ်ဦးမှ ဘုရားရှင်အား ဖူးမြော်ဆွမ်းကပ်ပြီးနောက် ဘုရားရှင်ကိုယ်စား ပူဇော်ရန်တစ်ခုပေးပါရန် တောင်းဆိုသောအခါ ဘုရားရှင်မှ ဆံတော် ၈ ဆူပေးသနားခဲ့သည်။ ကုန်သည်ညီနောင်မှ ဆံတော်လေးဆူကို ဥက္ကလာပမင်းကြီးအား ဆက်ကပ်ကြရာ မင်းနှင့်တကွ ပြည်သူများမှ သိင်္ဂုတ္တရကုန်းတော်ပေါ်တွင် စေတီတစ်ဆူတည်ထားရန် ဆုံးဖြတ်ခဲ့ကြပြီး  သိင်္ဂုတ္တရကုန်းတော် သို့ရောက်လျှင် ဆံတော်လေးဆူအား ကြီးကျယ်ခမ်းနားသည့် စံကျောင်း၊ မဏ္ဍပ်ကြီး ဆောက်လုပ်၍ပူဇော်ခဲ့သည်။ ယင်းစံကျောင်း မဏ္ဍပ်နေရာ၌ အထိမ်းအမှတ်စေတီတစ်ဆူ တည်ထားခဲ့ကြရာ နောင်တော်ကြီးစေတီဟု အမည်တွင်၏။ ထိုဆံတော်မြတ် လေးဆူ နှင့်အတူ ကကုဿန်မြတ်စွာဘုရားရှင်၏ တောင်ဝှေးတော်၊ ကောဏာဂမနမြတ်စွာဘုရားရှင်၏ ရေစစ်တော်၊ ကဿပမြတ်စွာဘုရားရှင်၏ ရေသနုပ်သင်္ကန်းတော် တို့ကိုဌာပနာ၍ သိင်္ဂုတ္တရကုန်းတော်ပေါ်တွင် ဉာဏ်တော်အမြင့် ၄၄ တောင်ရှိသော စေတီတစ်ဆူ တည်ထားပြီး စေတီတော်၏ ဘွဲ့အမည်ကို တိဂုမ္ဗစေတီတော် ဟု သမုတ်ခဲ့ပါသည်။ နောက်ပိုင်းတွင် ကျိုက်ဒဂုံဟု မွန်လူမျိုးတို့မှ ခေါ်ဆိုခဲ့ပြီး ကျိုက်ဒဂုံမှ ရွှေတိဂုံဟု ပြောင်းလဲလာခဲ့သည်ဟု သိရပါသည်။ ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံထိန်းသိမ်းလာခဲ့ရာ ယခုအခါ ဉာဏ်တော်အမြင့် ၃၂၆ ပေ (၉၉ မီတာ) ရှိသော စေတီတော်မြတ်ကြီးကို ဖူးမြော်မြင်တွေ့ရပါသည်။ စေတီတော်၏ အောက်ပိုင်းကို ရွှေပြားပေါင်း ၈၆၈၈ ချပ်ဖြင့် ရွှေချထား ပြီး အထက်ပိုင်းကို ရွှေပြား ၁၃၁၅၃ ချပ် ဖြင့်ရွှေချထားသည်။ စေတီတော်၏ အောက်ခြေ အ၀န်းမှာ ၁၄၂၀ ပေ ရှိပြီး ရင်ပြင်မှ ၃၂၆ ပေ မြင့်မားသည့် အတွက်ထိပ်ဆုံးအပိုင်းကိုသာမန်မျက်စိဖြင့်အသေးစိပ်မမြင်ရပေ။  စေတီတော် အထက်ပိုင်းကို စိန်ပေါင်း ၅၄၄၈ လုံး၊ ပတ္တမြား ၂၃၁၇ လုံး၊ နီလာ နှင့် အခြားကျောက်မျက်ရတနာများ၊ ရွှေခေါင်းလောင်း ၁၀၆၅ လုံး၊ နှင့် ထိပ်ဆုံးတွင် တစ်လုံးတည်း ၇၆ ကာရက်အလေးချိန်ရှိသည့်စိန် စသည့် အဖိုးတန်ရတနာများဖြင့် စီခြယ်ထားသည်။ စေတီတော်ရင်ပြင်၌ ခေါင်းလောင်းစုစုပေါင်း ၂၉ လုံးရှိပြီး ဓမ္မစေတီခေါင်းလောင်းကြီး (ကြေးပိဿာချိန် ၁၈၀၀၀၀)၊ စဉ့်ကူးမင်းခေါင်းလောင်းတော် (ကြေးပိဿာချိန် ၁၅၅၅၅)၊ သာယာဝတီမင်း ခေါင်းလောင်းတော် (ကြေးပိဿာချိန် ၂၆၀၀ဝ) စသော ခေါင်းလောင်းကြီးများမှာ ထင်ရှားသည်။ ရွှေတိဂုံစေတီတော်ကြီးကို ဖူးမြော်ပူဇော်ရာတွင် စေတီတော်ကြီး၏ အံ့ဖွယ်ကိုးပါးကိုလည်း ဖူးမြော်ပူဇော်တတ်ကြရာ ၎င်း အံ့ဖွယ်ကိုးပါးမှာ တဝဂူပတ္တမြားမျက်ရှင်ဘုရားဝိဇ္ဇာဇော်ဂျီဘုရားရှင်စောပုဆုတောင်းပြည့်ဘုရားဆံတော်တွင်းရုပ်ပွားတော်၊ ရှင်အဇ္ဇဂေါဏဘုရားဘိုးဘိုးအောင်ဂူဘုရားရှင်မထီးဘုရားလက်ပက်လက်ဘုရားပြဒါးရှင်ဘုရား တို့ဖြစ်ပါသည်။

ရွှေတိဂုံစေတီတော်မှ လူသိနည်းသည့်ထူးခြားမှုများ

ပကောယှိဘုရား ဘိုးဘိုးအောင်ဘုရား (ပန်းပေါင်းဆင်းတု)၊ နှစ်ကျိပ်ရှစ်ဆူတန်ဆောင်၊ သရဘဂုဘုရား(သို့)ပြဒါးရှင်ဘုရား ပိတုန်းပဒိုင်း ဘုရား၊ နဂါးကိုးကောင် ဆုတောင်းပြည့်ဘုရား၊ ရွှေတိဂုံစေတီတော် အောင်မြေ၊ ကျားခြင်္သေရံဘုရား၊ ရာဇမုနိ အဓိဋ္ဌာန်ဘုရား၊ ဆယ်တော်မူဘုရား၊ နေလဘုရား (ဣစ္ဆိတံ ဘုရား)၊ ဣစ္ဆာသယ ဂူဘုရားနှစ်ဆူဗြမ္မာသားပိုက်(၁)ဗြမ္မာသားပိုက်(၂)ကိုးနဝင်းဘုရားဆေးစေတီရှစ်မျက်နှာစေတီ၊ သိဒ္ဓိအောင် ဆုတောင်းပြည့်ဘုရား၊ ရှင်အဇ္ဇာဂေါဏတန်ဆောင်းမှဆုတောင်းပြည့် အဘယမုဒြာဘုရားပြည်တော်ပြန်ဘုရား၊ မင်းငါးပါးဘုရားဆွမ်းခံထွက်သည့်မြတ်စွာဘုရား၊ ရာဇာကြီးညီနောင်ဘုရား၊ စဓဗဝစေတီတော်၊ ရှင်မကွဲဘုရားအဝင်ကျဉ်းအဝကျယ်လမ်ချမ်းသာကြီးဘုရား