နဂါးကိုးကောင် ဆုတောင်းပြည့်ဘုရား

Listing Description

ရန်ကုန်မြို့ ရွှေတိဂုံဘုရား မြောက်ဖက်မုဒ် ဝိဇ္ဇာတန်ဆောင်း နောက်ကျောဘက်တွင်ရှိသည်။ သမားတော်တန်ဆောင်းဘေးမှ ခေါင်းလောင်းငယ်နှစ်လုံးဘက်ရှိ ချောင်ကလေးထဲသို့ ဝင်၍သွားရသည်။ ဘုရားနှင့် ကပ်လျက်တွင် ဆင်ရုပ်နှစ်ရုပ်နှင့် အုတ်ပြာသာဒ်တစ်ခု ရှိသည်။ နေရာဧရိယာ ကျဉ်းလွန်းသောကြောင့် ဝတ်ပြုသူ များပြားသော အချိန်များတွင် စောင့်ရတတ်သည်။ ဆင်းတုတော်မှာ နဂါးကိုးကောင်ဖြင့် ခြံရံထားသော နဂါးရုံဘုရား ဖြစ်သည်။ အဓိဋ္ဌာန်ပြု ဆုတောင်းသူများ ထူးခြားစွာ ဆုတောင်းပြည့်တတ်သည်။