ဝင်္ကပါစေတီ

Listing Description

ဝင်္ကပါစေတီသည် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ အင်းဝမြို့ဟောင်း၊ ဗားကရာကျောင်းတိုက်၏ အနောက်ဘက်ပိုင်းတွင် တည်ရှိသည့် ညောင်ရမ်းခေတ် ရှေးဟောင်းစေတီ ဖြစ်ပါသည်။ စေတီတော်ကို တနင်္ဂနွေမင်းမှ အေဒီ ၁၇၃၂ ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့ပါသည်။ စေတီတော်အတွင်း၌ အကွေ့အကောက်များစွာဖြင့် ဝင်္ကပါသဖွယ်တည်ဆောက်ထားပါသည်။ ဝင်္ကပါစေတီအနီးတွင် မြင့်မိုရ်တောင်စေတီကြောင်လိန်စေတီလောကဒုဿမာရ်အောင်စေတီ စသည့် ညောင်ရမ်းခေတ်ဘုရားစေတီများကို တစ်စုတစ်ဝေးတည်း ဖူးမြော်မြင်တွေ့နိုင်ပါသည်။