ရွှေအုတ်ဂူစေတီတော်

Listing Description

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ (၈) ရပ်ကွက်၊ ၆ ဧကခန့် အကျယ်အဝန်းရှိ ညောင်ဝိုင်းကျောင်းတိုက်အတွင်း တည်ရှိပါသည်။ စေတီတော်ကို သက္ကရာဇ် ၁၂၅၆ ခုနှစ် (ခရစ်နှစ် ၁၈၉၄ ခုနှစ်) တွင် ဦးသာဒွန်းနှင့် ဒေါ်မွှေးတို့က တည်ထားကိုးကွယ်ခဲ့ပါသည်။ စတင်တည်ထားစဉ်က စေတီတော်သည် ဉာဏ်တော် ၂၇ တောင်အမြင့်ရှိပြီး ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံလာခဲ့ကြသဖြင့် ယခုအခါ ဉာဏ်တော် ၃၁ တောင်အမြင့်ရှိ စေတီတော်မြတ်ကြီးကို ကြည်ညိုဖွယ်ရာ ဖူးမြင်ရပါသည်။