ရန်အောင်မြင်စေတီတော်

Listing Description

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ သဲမောင်းကန်ရွာအနီးတွင် တည်ရှိပြီး တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သွားရာလမ်းမှ ထင်ရှားစွာ ဖူးမြော်မြင်တွေ့နိုင်ပါသည်။ ကျောက်စာမှတ်တမ်းများအရ အင်းဝဘုရင်မင်းခေါင်ကြီးက ရန်အောင်မြင်အရပ်တွင် စည်းခုံကြီးစေတီတော် တည်ထားကာ ရန်အောင်မြင်စည်းခုံကြီးစေတီတော်ဟု ခေါ်တွင်စေခဲ့ကြောင်း သိရပါသည်။