မင်္ဂလာစေတီတော်

Listing Description

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့တွင် တည်ရှိသော မင်္ဂလာစေတီတော်သည် ထင်ရှားသော သမိုင်းဝင်စေတီတော်တစ်ဆူဖြစ်ပါသည်။ စေတီတော်ကို အင်းဝဒုတိယမင်းခေါင်မှ ချောင်း၊ မုယင်းစပါးစိုက်လယ်၊ ကန်၊ မင်းဝံတောင်ညွန့်နှင့် စျေး ဟုဆိုသော ပဥ္စနိဂုံးရွာအင်္ဂါ ၅ ခုဖြင့် ပြည့်စုံသည့်အရပ်တွင် တည်ထားကိုးကွယ်ခဲ့သည်ဟု မှတ်သားရပါသည်။ မြန်မာသက္ကရာဇ် ၈၄၂တွင် စတင်တည်ထားခဲ့ပြီး သက္ကရာဇ် ၈၅၈ တွင် အလယ်ဌာပနာထည့်ခဲ့ပါသည်။ မြန်မာသက္ကရာဇ် ၈၆၁ တွင် စေတီတော်တည်ထားမှု ပြီးစီးခဲ့သည်။ စေတီတော်တည်ဆောက်မှုမှာ ၁၉ နှစ်ကြာမြင့်ခဲ့ပါသည်။ စေတီတော်ကြီး၏ ပွဲသဘင်ကြီးကျယ်ခမ်းနားပုံများ၊ ဌာပနာအစီအရင်များ၊ ဓာတ်တော်ပင့်ဆောင်ဌာပနာခန်းများ စသည်တို့ကို ရှင်မဟာသီလဝံသနှင့် ရှင်မဟာရဋ္ဌသာရတို့က မော်ကွန်းရေးဖွဲ့ သီကုံးခဲ့သည်။ ထို့မော်ကွန်းများသည် "တန်တားဦးတည်မော်ကွန်း" ဟု ထင်ရှားပါသည်။