ကြောင်လိန်စေတီ

Listing Description

ကြောင်လိန်စေတီသည် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ အင်းဝမြို့ဟောင်း၊ ဗားကရာကျောင်း၏ အနောက်ဘက်ပိုင်း၊ လောကဒုဿမာရ်အောင်စေတီ၏ အရှေ့ဘက်တွင် တည်ရှိသည့် ညောင်ရမ်းခေတ် ရှေးဟောင်းစေတီတစ်ဆူဖြစ်ပါသည်။ စေတီတော်အား ညောင်ရမ်းမင်းဆက် တနင်္ဂနွေမင်းမှ အေဒီ ၁၇၃၂ ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့သည်ဟု သိရပါသည်။ စေတီတော်မှာ လေးထောင့်ပုံအောက်ခံလှိုဏ်ပေါ်တွင် အထွတ်စေတီတည်ထားသည့် လက်ရာထူးခြားသော စေတီတစ်ဆူဖြစ်ပါသည်။ အောက်ခံလိုဏ်အတွင်း၌ အပေါ်သို့ လှည့်ပတ်၍တက်နိုင်သော လှေကားပါရှိသည်။ အပြင်ဘက်မြောက်ဘက်မျက်နှာမှ အပေါ်သို့တက်နိုင်သည့် နတ်လမ်း လှေကား သုံးခုပါရှိသည်။ စေတီ၏ အရှေ့ဘက်၊ တောင်ဘက်နှင့် အနောက်ဘက်တွင် ဘုံခုနှစ်ဆင့်ရှိသော အုတ်ပြာဿဒ်ပါရှိသည်။ ပြာဿဒ်၊ ဒုရင်များနှင့် ကြေးကွေးများမှာ မူလ လက်ရာအတိုင်း ကျန်ရှိပါသည်။ ကြောင်လိန်စေတီအနီးတွင် မြင့်မိုရ်တောင်စေတီဝင်္ကပါစေတီလောကဒုဿမာရ်အောင်စေတီ စသည့် ညောင်ရမ်းခေတ်ဘုရားစေတီများကို တစ်စုတစ်ဝေးတည်း ဖူးမြော်မြင်တွေ့နိုင်ပါသည်။