ဗားကရာကျောင်းတိုက်

Listing Description

ဗားကရာကျောင်းတိုက်သည် မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် အင်းဝမြို့ဟောင်း စည်တိုပုံမြို့ရိုး၏ အပြင်ဘက် တတိယမြို့ရိုးအတွင်း လောကသရဖူစေတီတော်၏ တောင်ဘက်တွင် တည်ရှိပါသည်။ စတုတ္ထ အင်းဝမြို့တည် ဘကြီးတော်စစ်ကိုင်းမင်းလက်ထက် မြန်မာသက္ကရာဇ် ၁၁၉၆ ခုနှစ်တွင် သစ်သားကျွန်းတိုင် ၂၆၇ လုံးဖြင့် တည်ဆောက်ခဲ့ပါသည်။  အကြီးဆုံးကျွန်းတိုင်၏ လုံးပတ်သည် ၉ ပေ ရှိပြီး အမြင့်ပေ ၆၀ ရှိပါသည်။ ကျောင်းတိုက်ကြီးသည် အကျယ်အဝန်းအားဖြင့် အလျား ၁၈၈ ပေ၊ အနံ ၁၀၃ ပေရှိ မြန်မာမှု ဗိသုကာလက်ရာများဖြင့် တည်ဆောက်ထားသည့် ရှေးဟောင်းသစ်သားကျောင်းကြီး ဖြစ်ပါသည်။ ကျောင်းတော်ကြီး၏ ဘေးပတ်လည်တွင် အုတ်လှေကား ငါးစင်း တပ်ဆင်ထားပြီး ဥကင်မုခ်တံခါး၊ နယားရုပ်၊ နဂါးဖမ်းထားဟန် ဂဠုန်ရုပ်၊ ခြင်္သေ့ဘီလူးရုပ်၊ လူပျံရုပ်၊ အောင်းရုပ်၊ ကိန္နရာရုပ်၊ ကျေးငှက်ကလေးများပန်းလာလှူဟန် ပန်းပုရုပ်များနှင့် အခြားပန်းပုရုပ်များမှာ စိတ်ဝင်စားဖွယ်ရာပင်ဖြစ် သည်။ ပညာရှင်များ၏ မှတ်တမ်းများအရ ဗားကရာကျောင်း တွင်အလှဆင်ထားသော ခြင်္သေ့ဘီးလူးရုပ်မှာ အင်းဝခေတ် (ညောင်ရမ်းခေတ်)လက်ရာဖြစ်ပြီး နဂါးဖမ်းဂဠုန်ရုပ်လက်ရာမှာ အမရပူရခေတ် (ကုန်းဘောင်ခေတ်လယ်) လက်ရာများဖြစ်သည်ဟု ဆိုထားပါသည်။ လူပျံရုပ်များကိုမူ ရတနာပုံခေတ်လက်ရာများဟုယူဆနိုင်ကြောင်း လေ့လာသုံးသပ်ထားသည်။ ပညာရှင်များ၏ လေ့လာသုံးသပ်မှုများအရ ဗားကရာ ကျောင်းတော်ကြီးမှာ ခေတ်အဆက်ဆက်ပြုပြင်ထိန်းသိမ်းမှု များကို ပြုလုပ်ခဲ့သည့်အတွက် စံထားလောက်သည့် မြန်မာပန်းပု လက်ရာများစွာ တစုတစည်းတည်း  လေ့လာနိုင်သော ကျောင်းတော်ကြီးပင်ဖြစ်ပါသည်။