ကိုးနဝင်းဘုရား

Listing Description

ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်ရင်ပြင် အနောက်မြောက်ထောင့် စဉ့်ကူးမင်းခေါင်းလောင်းတော်ကြီးအနီးတွင် တည်ရှိသည်။ ထိုတန်ဆောင်းအတွင်း၌ အုတ်ဆင်းတု ၃ ဆူ၊ သစ်ဆင်းတု ၃ ဆူနှင့် ကျောက်ဆင်း တု ၃ ဆူရှိ၍ စုစုပေါင်း ဆင်းတုတော် ၉ ဆူရှိသည်။ အုတ် ဟူသည် တနင်္ဂနွေ ၁ ဖြစ်၏။ သစ် ဟူသည် သောကြာ ၆ ဖြစ်၏။ ကျောက် ဟူသည် တနင်္လာ ၂ ဖြစ်၏။ ထို သုံးရပ် ပေါင်းခြင်းသည် ၉ ဖြစ်၍ နဝင်းဖြစ်သည်။ တြင်းကျေ၊ နဝင်းကျေ စီရင်ထားသော ဘုရားကိုးဆူ ဖြစ်သည်။