ကုသိုလ်တော်ဘုရားနှင့်ကျောက်စာများ

Listing Description

ကုသိုလ်တော်ဘုရားသည် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးတောင်၏ အရှေ့တောင်ဘက်တွင်  တည်ရှိပြီး မြန်မာသက္ကရာဇ် ၁၂၂၄ ခုနှစ်တွင် မင်းတုန်းမင်း တည်ထားကိုးကွယ်ခဲ့သော ဘုရားဖြစ်ပါသည်။ ဘွဲ့အမည်မှာ မဟာလောကမာရဇိန် ဖြစ်ပြီး တံတိုင်း ၃ ထပ်ရှိပြီး ဖိနပ်ခင်းအချင်း သံတောင် ၆၅၊ အရပ်တော် သံတောင် ၅၀၊ ၁ မိုက် ၄ သစ်ရှိပါသည်။ စေတီတော်၏ ပထမ ဒုတိယ တံတိုင်းအတွင်း၌ ပိဋကတ်ကျောက်စာချပ်များကို ဂူစေတီများတည်၍ သွင်းနှံစိုက်ထူထားရာ ကျောက်စာချပ်နှင့်စေတီပေါင်း ၇၂၉ ဆူ တည်ရှိသောကြောင့် ကမ္ဘာ့အကြီးဆုံး စာအုပ်ကြီးဟူ၍လည်း ထင်ရှားပြီး ၂၀၁၃ ခုနှစ်တွင် ကမ္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်းဝင်အဖြစ် ယူနက်စကို (UNESCO) မှသတ်မှတ်ခဲ့ပါသည်။