ရတနာစံရွေးစေတီ

Listing Description

မြောက်ဦးမြို့ ဗောဓိရွှေဂူစေတီ၏တောင်ဘက် ကိုက်အနည်းငယ်အကွာ ဟေမဝန်တောင်စွယ်တွင် တည်ရှိသည်။ သက္ကရာဇ် ၈၂၁ ခုနှစ် (အေဒီ ၁၄၅၉)တွင် ဘစောဖြူမင်း တည်ထားကိုးကွယ်ခဲ့သည်။ စေတီတော်၏ အောက်ခြေပတ်လည်မှာ ပေ ၁၃၀ ရှိပြီး ဉာဏ်တော်အမြင့် ၁၈ ပေခန့်ရှိသည်။ စေတီတော်၏ အရှေ့ဘက်တွင် ဂန္ဓကုဋီတိုက်သို့ဝင်ရန် မုခ်ပေါက်တစ်ခုရှိပြီး မုခ်ပေါက်၏ တံကဲတွင် ကျောက်ဆစ်လက်ရာများ အပြည့်ထွင်းထုထားသည်။ ဂန္ဓကုဋီတိုက်အတွင်း ဉာဏ်တော် ၇ ပေရှိ ကျောက်ဆင်းတုတော်တစ်ဆူကို ဖူးမြော်နိုင်သည်။ ဆင်းတုတော်၏ ပလ္လင်တော်မှာ အဋ္ဌဂံရှစ်မြှောင့်ပုံ အဆင့် ၈ ဆင့်ဖြင့် ကျောက်သားတစ်လုံးတည်းကို ထုဆစ်ထားပြီး ရခိုင်ရှေးဟောင်းပန်းချီ၊ ပန်းပု မြောက်များစွာဖြင့် ပလ္လင်အပြည့် ထွင်းထုထားသည်။