မဟာဝိဇယျရံသီစေတီ

Listing Description

မြောက်ဦးမြို့ နန်းတော်ကုန်း၏ တောင်ဘက် ၁ မိုင်ခန့်အကွာ တောင်ကုန်းပေါ်တွင် တည်ရှိပါသည်။ သက္ကရာဇ် ၇၉၂ ခုနှစ် (ခရစ်နှစ် ၁၄၃၀)တွင် မင်းစောမွန်ဘုရင် တည်ထားခဲ့ပါသည်။ မင်းစောမွန်ဘုရင်သည် လောင်းကြက်မြို့ကိန်းခန်းကုန်၍ မြောက်ဦးမြို့အသစ်တည်သောအခါ လောင်းကြက်မြို့မှ သံဃာ့ရာဇာဆရာတော် မဟာဝိဇယျ အပါအဝင် သံယာတော် အပါး ၂၀ အား မြောက်ဦးသို့ ပင့်ဆောင်ကာ နန်းတော်၏တောင်ဘက် သင့်တော်သော နေရာ၌ ကျောင်းတိုက်ကြီးဆောက်လုပ်၍ ကိုးကွယ်ခဲ့သည်။ ထိုကျောင်းတိုက်ကြီးကို မဟာဝိဇယျရံသီကျောင်းတိုက်ဟု အမည်ပေးခဲ့ကာ ကျောင်းတိုက်ကြီးအနီး တောင်ကုန်းပေါ်တွင် စေတီတစ်ဆူ တည်ထားခဲ့ပါသည်။ စေတီကိုလည်း မဟာဝိဇယျရံသီစေတီဟု ဆရာတော်၏ဘွဲ့အမည်ကို အကြောင်းပြု၍ ခေါ်တွင်စေခဲ့သည်။ စေတီအောက်ခြေရှစ်မြှောင့်ဖြစ်ပြီး ပစ္စယံအဆင့်ဆင့်တင်ထားသည်။ ပထမပစ္စယံနှင့် ဒုတိယပစ္စယံတို့၌ အရပ်လေးမျက်နှာတွင် မုခ်ပွင့်ဂူငယ်ရှစ်ခုရှိသည်။ ဂူများ၏တံကဲများ၌ လှပသော ကျောက်ဆစ်လက်ရာများရှိသည်။ ယခုလက်ရှိစေတီကို ညောင်ပင်ဈေးရပ်မှ ဘုရား ဒကာ ဦးဦးကျော်သာ ခေါင်းဆောင်၍ စေတနာရှင်များ းပြုပြင်တည်ဆောက် ထားခြင်းဖြစ်သည်။ စေတီ ၏အနောက်ဘက်တွင် သမုခ်သိမ်ကြီးရှိသည်။ ယခုတိုင် သိမ်တိုင်များမှာ မြေပေါ်မှ လေးပေခန့် ပေါ်လျက်ရှိသေးသည်။