ရသေ့တောင်စေတီ (ခေါ်) ဆုတော်ပန်စေတီ

Listing Description

မြောက်ဦးမြို့ လက်ကွယ်တောင်စေတီ၏ မြောက်ဘက် မှောက်တော်တံခါးမအပေါ်တောင်တန်းထိပ် ရသေ့တောင် (ခေါ်) ဆုတော်ပန်တောင်ပေါ်၌ တည်ရှိသည်။ ကောဇာသက္ကရာဇ် ၈၇၇ ခုနှစ် (အေဒီ ၁၅၁၅)တွင် ဘုရင်မင်းစောအိုက ဤဆုတော်ပန်စေတီသုံးဆူကို တည်ထားကိုးကွယ်ခဲ့သည်။ ဗြိတိသျှခေတ်တွင် ရသေ့တစ်ပါး ဤတောင်တွင် သီတင်းသုံးနေထိုင်ခဲ့ရာမှ ရသေ့တောင်ဟု ခေါ်တွင်လာကြပြီး ဆုတော်ပန်စေတီကိုလည်း ရသေ့တောင်စေတီဟု ခေါ်တွင်လာကြသည်။