ကိုးသိန်းစေတီတော်

Listing Description

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ န၀င်းရပ်၊ အောင်မြေလောကကျောင်းတိုက်၀င်းအတွင်း တည်ရှိပါသည်။ စေတီတော်သမိုင်းအရ သ‌ရေခေတ္တရာပြည့်ရှင်ဒွတ္တပေါင်မင်းကြီးက ဆရာရသေ့ဖြစ်သော ဒိဗ္ဗစက္ခုအရှင်မြတ် ကိုးသိန်းဓာတ်ပန္နက်စိုက်ထူသောနေရာတွင် တည်ထားကိုးကွယ်ခဲ့သည်ဟု သိရသည်။ စေတီတော်မှာ လိုဏ်ခံစေတီဖြစ်ပြီး အဝိုင်းပုံ ပစ္စယာငါးဆင့်ပေါ်တွင် လိုဏ်ခံထုလုံးရှည်ပုံစံ တည်ထားပြီး အတွင်းတွင် ဂန္ဓကုဋိတိုက်ပြုလုပ်ကာ ဗုဒ္ဓရုပ်ပွားတော်များထားရှိ ပူဇော်ထားပါသည်။ အပြင်ထုလုံးရှည်ပေါ်တွင် ဓာတ်တော်တိုက်၊ ဖောင်းရစ်၊ ကြာမှောက်၊ကြာလန်၊အထွတ်၊ထီးတော်တို့ဖြင့် တည်ထားပါသည်။ အတွင်းဂန္ဓကုဋိတိုက်သို့ ၀င်ရောက်ဖူးမြော်နိူင်ရန် အုတ်ခုံပန္နက် မျက်နှာလေးဘက်တွင် သရက်ကင်းလှေကားလေးစင်းရှိသည်။ စေတီတော်သည် ဉာဏ်တော်အမြင့် ၇၂ ပေရှိပြီး အောက်ခြေပန္နက်ခုံအဝိုင်းပစ္စယာအ၀န်းမှာ ၁၄၄ ပေ ရှိသည်။ ယခုလက်ရှိစေတီတော်မှာ ကိုးသိန်းကျောင်းတိုက် ဆရာတော်အရှင်ကုဏ္ဍဗုဒ္ဓိမှ စေတီဟောင်းကိုငုံ၍ ထပ်မံတည်ထားသော ခေတ်သစ်လက်ရာဖြစ်ပါသည်။