မျက်မှောင်တော်ဓာတ်ဘုရား

Listing Description

မြောက်ဦးမြို့ ဝသဲတောင်ထိပ်၌ တည်ရှိသည်။ သူရိယစက္ကမင်းသည် သီရိဓမ္မာသောကမင်းကြီးမှပေးပို့သော မြတ်စွာဘုရား၏ဓာတ်တော် ၂၄၆ ဆူကို ဌာပနာ၍ မြတ်စွာဘုရား ဗျာဒိတ်ရနေရာအသီးသီးတွင် နွားလားဥဿဘ တစ်မော့ခန့်မြင့်သော စေတီတော်များကို သာသနာနှစ် ၂၂၂ ခုနှစ် (ဘီစီ ၃၂၃) တွင် တည်ထားကိုးကွယ်ခဲ့သည်။ ထိုစေတီများအနက် မြောက်ဦးမြို့ ရွှေဆည်တံခါးအတွင်းရှိ မြတ်စွာဘုရား၏ မျက်မှောင်တော်ဓာတ်ဘုရားအား ဘုရင်မင်းစောမွန်က မြောက်ဦးမြို့တည်ထောင်စဉ် ကောဇာသက္ကရာဇ် ၇၉၂ ခုနှစ် (အေဒီ ၁၄၃၀)တွင် မြို့တည်ဘုရားတစ်ဆူအဖြစ် ပြန်လည်မွမ်းမံတည်ထားခဲ့သည်။ ထို့နောက် ဘုရင်မင်းဗာကြီးသည် ဤမျက်မှောင်တော်ဓာတ်ဘုရားကို ရွှေဆည်တံခါးအတွင်းမှ ၀သဲတောင်ထိပ်သို့ ပြောင်းရွှေ့ပင့်ဆောင်ကာ ကိန်းဝပ်စေခဲ့သည်။