ရှင်ပင်ရွှေသာမောင်းဘုရား

Listing Description

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ပခန်းငယ်ကျေးရွာတွင် တည်ရှိပါသည်။ သီရိဓမ္မာသောကမင်းကြီး၏ကောင်းမှု ရေတွင်း၊ ရေကန်၊ စေတီပေါင်း ရှစ်သောင်းလေးထောင်တွင် တစ်ဆူအပါအဝင်ဖြစ်သည်ဟု သိရပါသည်။ စေတီတော်ကို ရာသီဥတုဒဏ်ခံနိုင်စေရန် အုတ်ပြသာဒ်အဆောက်အအုံအတွင်း ပူဇော်ထားရှိသည်။ ဘုရားပရိဝုဏ်အတွင်း၌လည်း သီရိဓမ္မာသောကမင်းကြီး ဆောက်လုပ်လှူဒါန်းခဲ့သော ရေကန်ဟောင်း၏ အုတ်ရိုးတံတိုင်းနှင့် ရှေးဟောင်း ရေတွင်းကြီးကို မြင်တွေ့နိုင်ပါသည်။