အနော်မာဘုရားကြီး

Listing Description

မြောက်ဦးမြို့ လင်ပန်းပြောက်စေတီနှင့် ထူပါရုံစေတီတို့၏အရှေ့ဘက်အနီး ကုန်းမြင့်ပေါ်တွင် တည်ရှိသည်။ မြောက်ဦးခေတ် ဘုရင် စလင်္ကာသူမင်း၏သမီးတော် အနော်ဇာမင်းသမီးက ကောဇာသက္ကရာဇ် ၈၆၃ ခုနှစ် (အေဒီ ၁၅၀၁)တွင် ခမည်းတော် တေဇရာမစေတီကို တည်ဆောက်နေချိန်နှင့်တစ်ပြိုင်တည်းပင် ဤဆင်းတုတော်ကြီးကို တည်ထားကိုးကွယ်ခဲ့သည်။ ကောဇာသက္ကရာဇ် ၁၀၀၂ ခုနှစ် (အေဒီ ၁၆၀၄)တွင် ဘုရင် မင်းခမောင်း၏ မိဖုရားကြီး သျှင်ထွေးနှင့် သမီးတော် နတ်သျှင်မယ်တို့ ထပ်မံ၍ ပြုပြင်မွမ်းမံခဲ့ကြသည်။ ဆင်းတုတော်ကြီးသည် ဉာဏ်တော်အမြင့် ၁၀ ပေရှိသော ကျောက်ဆင်းတုတော်ကြီးဖြစ်ပါသည်။ ကျောက်ပလ္လင်မှာ ၅ ပေအမြင့်ရှိပြီး ဘုရားနှင့်ပလ္လင်ကို ကျောက်တစ်လုံးတည်းဖြင့် တဆက်တည်း ထုဆစ်ထားသည်။ ပလ္လင်တစ်ခုလုံးကို ပန်းနွယ်၊ ပန်းခက်၊ လူ၊ ကျေးငှက် တိရစ္ဆာန် ရုပ်ကြွပုံများဖြင့် တန်ဆာဆင်ထားသည်။ ရှေးယခင်က ဂူကြီးရှိခဲ့သော်လည်း ပြိုပျက်ပြီးဖြစ်သဖြင့် သိမ်တော်ဆောက်လုပ်ထားရှိပါသည်။