အောင်တော်မူဆုတောင်းပြည့်ဆင်ဝန်ဘုရားကြီး

Listing Description

မြောက်ဦးမြို့တောင်ဘက် ၂ မိုင်ခန့်ကွားဝေးသော ဘောင်းဒွတ်ရွာ၌ တည်ရှိသည်။ ဘုရင်မင်းစောမွန်လက်ထက် ကောဇာသက္ကရာဇ် ၇၉၂ ခုနှစ် (အေဒီ ၁၄၃၀) တွင် ဆင်တပ်ကို အုပ်ချုပ်ရသော ဆင်ဝန်ကြီးသည် ဘောင်ဒွတ်အရပ်၌ ဉာဏ်တော်အမြင့် ၈ ပေ ရှိသော ကျောက်ညိုဆင်းတုတော်ကြီးကို တည်ထားကိုးကွယ်ခဲ့သည်။ ရှေးအခါက ဘုရင်၏ စစ်သည်တော်တို့သည် စစ်ချီမထွက်မီ ဤဆင်ဝန်ဘုရားကြီးတွင် ဆီမီးပန်းပေါက်ပေါက်တို့ဖြင့် ပူဇော်ပသပြီး စစ်ထွက်လေ့ရှိကြရာ နေပြည်တော်သို့ အောင်မြင်စွာဖြင့် ပြန်လည်ရောက်ရှိလာကြသဖြင့် "အောင်တော်မူဆုတောင်းပြည့်ဆင်ဝန်ဘုရားကြီး" ဟုခေါ်တွင်ခဲ့ကြသည်။