ထားဝယ်ဒေသရှိ သမိုင်းဝင် ရှင်ကိုးရှင်ဘုရားများ

Listing Description

သမိုင်းဝင် ရှင်ကိုးရှင်ဘုရားများသည် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် အတွင်းတွင်ရှိကြပြီး မြန်မာနိုင်ငံ အရပ်ရပ်မှ ဘုရားဖူးများ နှစ်စဉ်လာရောက်ဖူးမြော်ကြသည်။ "ဟေမာ ဂီရိ မြို့တြိ မှတ်ဘိရှင်ကိုးရှင်" ဟူ၍ တောင်တွင်တည်ထားသော ဘုရားသုံးဆူ၊ တောရွာတွင်တည်ထားသော ဘုရားသုံးဆူနှင့် မြို့ပေါ်တွင်တည်ထား ဘုရားသုံးဆူ ရှိသည်။

တောင်ပေါ်တွင်တည်ထားသော ဘုရားသုံးဆူမှာ-

    - ရှင်ဆံတော်ဘုရား

    - ရှင်မျှော်တောင်ဘုရား

    - ရှင်တောင့်ပုံဘုရား

တောရွာတွင်တည်ထားသော ဘုရားသုံးဆူမှာ-

    - ရှင်ဓာတ်ဝဲဘုရား

    - ရှင်ဇလွန်စေတီတော်

    - ရှင်တောက်ထိန်ဘုရား

မြို့ပေါ်တွင်တည်ထားသော ဘုရားသုံးဆူမှာ-

    - ရှင်ပင်ခရုဘုရား

    - ရှင်ဥဩစေတီ

    - ရှင်မုတ္ထီးဘုရား