ရှင်ပင်ခရု

Listing Description

ရှင်ပင်ခရုစေတီသည် ထားဝယ်မြို့ ကရပ်ပြင်ရပ်တွင် တည်ရှိပါသည်။ ထားဝယ်ဒေသရှိ သမိုင်းဝင်ရှင်ကိုးရှင်ဘုရားများတွင် တစ်ဆူအပါအဝင်ဖြစ်ပါသည်။ မင်းဆွေမင်းမျိုးများတည်ထားခြင်း မဟုတ်ဘဲ ရပ်သူရွာသားများ စုပေါင်းတည်ထားသည့် ရပ်ဘုရား-ရွာဘုရား ဖြစ်ပါသည်။ ဘုရားတည်ရှိသောနေရာတွင် ထား၀ယ်အခေါ် ရှားပင် (ခရေပင်) နှစ်ပင် ပေါက်ရောက်စည်ပင်ခဲ့ရာ ထိုခရေပင်နှစ်ပင် အလယ်တွင် ဧရာမခရုကြီးတစ်ကောင် ပေါ်လာရာမှ ၎င်းခရုကြီးတွေ့ရှိသောနေရာတွင် စေတီတည်ခဲ့သည်ဟု သိရပါသည်။ ရှားပင် (ခရေပင်) နှစ်ပင်နှင့် ခရုဘုရား ဟူ၍ ရှားပင်ခရု ဘုရားဟု ခေါ်လာရာမှ ရှင်ပင်ခရုဘုရား ဟူ၍ အမည်တွင်လာသည်ဟု ဆိုးရိုးရှိပါသည်။