အောင်ချမ်းသာဘုရား

Listing Description

ကလောမြို့ ဈေးအနီး မြို့လယ်တွင် တည်ရှိပြီး မှန်စီရွှေချလက်ရာများကြောင့် အဝေးမှပင် လွယ်ကူစွာ ဖူးမြင်တွေ့နိုင်သည်။ အလောင်းမင်းတရားကြီး (၁၇၁၄-၁၇၆၀) လက်ထက်တွင် တည်ထားခဲ့သည်ဟု ယုံကြည်ယူဆထားကြပါသည်။ ရန်ကုန်မြို့ အင်းစိန်ရှိ အာလိန်ငါးဆင့်ကျောင်းတိုက်ကို တည်ထောင်ခဲ့သော ဆေးဝင်္ကာဆရာတော် ဦးသူရိယက ၁၉၅၀ ပြည့်နှစ်တွင် စေတီတော်၏ ပရိဝုဏ်ကို မြှင့်တင်၍ ပိုမိုကြီးမားသော စေတီတော်အဖြစ် ပြုပြင်မွမ်းမံခဲ့သည်။