ရှင်တောက်ထိန်ဘုရား

Listing Description

ရှင်တောက်ထိန်ဘုရားသည် ထားဝယ်မြို့မှ ၃ မိုင်ခန့်ကွာဝေးသော လောင်းလုံမြို့နယ် ကမြောကင်းရွာတွင်တည်ရှိပါသည်။ ထားဝယ်ဒေသရှိ သမိုင်းဝင်ရှင်ကိုးရှင်ဘုရားများတွင် တစ်ဆူအပါအဝင်ဖြစ်ပါသည်။ ကောဇာသက္ကရာဇ် ၁၀၃ ခုနှစ်တွင် ဦးဖိုးတုတ် နှင့် ဒေါ်စောသီးတို့ ဇနီးမောင်နှံ‌တောင်ယာလုပ်ကိုင်ရင် မြေတူးဆွရာမှ ရုပ်ပွားတော်ကို တွေ့ရှိခဲ့ပါသည်။ ရွာသူရွာသားတို့သည် ဤဘုရားကို မြေပေါက်ဘုရား (ပေါ်တော်မူဘုရား)ဟူ၍ ယင်းအချိန်မှစပြီး(ဓာတ်ဘုရား)ဟူ၍လည်း ခေါ်ဆိုခဲ့ပါသည်။ စတင်တွေ့ရှိချိန်မှစ၍ ရုပ်ပွားတော်သည် ရုပ်ရှင်တော်ဖြစ်သဖြင့် တဖြည်းဖြည်းကြီးလာသည်ဟု အဆိုရှိပါသည်။ ယခုအခါတွင် ဉာဏ်တော်အမြင့် ၅ ပေ ၆ လက်မခန့်ရှိပါသည်။ ယခု လက်ရှိ ရှင်တောက်ထိန်ဘုရားသည် စေတီဖြစ်သော်လည်း စင်စစ်အားဖြင့် ထိုစေတီအရှေ့ဘက် သိမ်အတွင်း တဝဂူအတွင်းရှိရုပ်ပွားတော် သည်သာ ရှင်တောက်ထိန်ဘုရားဖြစ်ပါသည်။