ဇိနသုခစေတီတော်

Listing Description

ကရင်ပြည်နယ် ကော့ကရိတ်မြို့၏ ကျက်သရေဆောင် စေတီ‌တော်မြတ်ကြီး တစ်ဆူဖြစ်ပါသည်။ စေတီတော်သမိုင်းအရ ဗုဒ္ဓမြတ်စွာဘုရားရှင်သည် ဒေသစာရီကြွချီလာရာ၌ တောင်သူတစ်ဦးက ခြံထွက်အသီးအနှံများကို လှူဒါန်းခဲ့ပြီး ဗုဒ္ဓမြတ်စွာဘုရားက ဆံတော်တစ်ဆူ ချီးမြှင့်ခဲ့ရာ ထိုဆံတော်ကို ဌာပနာ၍ ကိုးတောင်ပြည့်စေတီတော် တစ်ဆူတည်ထား၍ ဇိနသုခစေတီတော်ဟု ဘွဲ့အမည်ဆက်ကပ် ပူဇော်ခဲ့သည်ဟု သိရပါသည်။ စေတီတော်သည် နှစ်ကာလကြာမြင့်လာသောအခါ ရာသီဥတုဒဏ်ကြောင့် ပြိုကျပျက်စီး၍ ဘုရားငုတ်တိုအဖြစ်ရောက်ရှိခဲ့သည်။ ၁၉၉၁ ခုနှစ်၌ ဉာဏ်တော်အမြင့် ၃၁ တောင်ကျော်ရှိ စေတီတော်အဖြစ် အသစ်တဖန် ပြန်လည်တည်ထား ကိုးကွယ်ခဲ့ကြရာ ယခုအခါ ကြည်ညိုဖွယ် ဖူးမြော်နိုင်ပါသည်။ စေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် ပြာသိုလဆန်း ၂ ရက်နေ့မှ ၇ ရက်နေ့ထိ စည်ကားစွာ ကျင်းပပါသည်။