ရှင်ဆံတော်စေတီ ခေါ် ကလိန်အောင်ဆံတော်ရှင်စေတီ

Listing Description

ရှင်ဆံတော် ခေါ် ကလိန်အောင် ဆံတော်ရှင်စေတီတော်သည် တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ကလိန်အောင်မြို့အနောက်ဘက်နှင့် ထားဝယ်မြို့ မြောက်ဘက် ၄၇ မိုင် ကွာဝေးသော ထားဝယ်မြစ်ကမ်းဘေး ဝေဿဝဏ္ဏတောင်ပေါ်တွင် တည်ရှိပါသည်။ ထားဝယ်ဒေသရှိ သမိုင်းဝင်ရှင်ကိုးရှင်ဘုရားများတွင် တစ်ဆူအပါအဝင်ဖြစ်ပါသည်။ ဂေါတမ မြတ်စွာဘုရားရှင်၏ ဆံတော်မြတ် သုံးဆူကို ရွှေပန်းတောင်းဖြင့် ခံယူထားပြီး ပတ္တမြားကြုတ်အတွင်း ထည့်သွင်းကာ ဝေဿဝဏ္ဏတောင်ကုန်းပေါ်တွင် အနက် အတောင် ၄၀နှင့် အကျယ် အတောင် ၃၀ တူးပြီး ကျောက်စားပွဲပေါ်တွင် ဌာပနာတည်ခဲ့သည်ဟု အဆိုရှိပါသည်။