ရှင်ဓါတ်ဝဲစေတီ

Listing Description

ရှင်ဓါတ်ဝဲစေတီသည် ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာ၊ ထားဝယ်-ရန်ကုန် ကားလမ်းနံဘေးတွင် တည်ရှိပါသည်။ ထားဝယ်ဒေသရှိ သမိုင်းဝင်ရှင်ကိုးရှင်ဘုရားများတွင် တစ်ဆူအပါအဝင်ဖြစ်ပါသည်။ ထားဝယ်ရာဇဝင်အရ မောင်ဇံ၊ မယ်ဇော မောင်နှမနှစ်ဦးထဲမှ မောင်ဇံသည် မိမိရရှိသည့် ဗုဒ္ဓစွယ်တော်မြတ်ကို စေတီတည်သင့်သည့် နေရာမတွေ့နိုင်ဘဲဖြစ်နေသဖြင့် ဓါတ်တော်သည် စေတီတည်သင့်သည့် နေရာအား ညွှန်ပြပေးပါရန် အဓိဌာန်ပြု၍ အပေါ်သို့ပစ်လွှတ်လိုက်ရာ သေဿသဏ္ဏကုန်းစပ် နတ်ရေကန်အပေါ်၌ ပျားပိတုန်းကဲ့သို့ ပျံဝဲလျက် တည်လေသည်။ ယင်းနေရာ၌ ဘုရားတည်ပြီးလျှင် ဓါတ်တော်ဝဲသည်ကို အစွဲပြု၍ ရှင်ဓါတ်ဝဲ စေတီဟု အမည်ပေးခဲ့သည်ဟု သိရပါသည်။