ရှင်ဇလွန်စေတီ

Listing Description

ရှင်ဇလွန်စေတီသည် ထားဝယ်မြို့မှ (၇) မိုင်ခန့်ကွာဝေးသော လောင်းလုံးမြို့နယ်၊ မြို့ဟောင်းကျေးရွာ (ရှေးအခေါ်) သာဂရမြို့ တွင်တည်ရှိပါသည်။ ထားဝယ်ဒေသရှိ သမိုင်းဝင်ရှင်ကိုးရှင်ဘုရားများတွင် တစ်ဆူအပါအဝင်ဖြစ်ပါသည်။ မောင်ဇံနှင့် မယ်ဇော မောင်နှမနှစ်ဦးတွင် နှမဖြစ်သူမယ်ဇောမှ ၎င်းရရှိထားသော ဓာတ်တော်ကို ထားဝယ်မြစ်အနောက်ဘက်ကမ်းတွင် ရှိသော ဗုဒ္ဓ၏သလွန်တော်ကိုဌာပနာထားသော စေတီဟောင်းတစ်ဆူတွင် ဌာပနာ၍ တည်ထားကိုးကွယ်ခဲ့ပါသည်။ ဗုဒ္ဓ၏ သလွန်တော် ဌာပနာသည်ကို အကြောင်းပြုကာ ရှင်သလွန်စေတီတော်ဟု ရှေးယခင်က ခေါ်ဆိုခဲ့သည်။နောက်ပိုင်းတွင် ရှင်ဇလွန် ဟူ၍ဖြစ်လာခဲ့သည်ဟု သိရပါသည်။ ဤစေတီ၏ ထူးခြားချက်မှာ စေတီ၏ ခေါင်းလောင်းပုံ အထက်ပိုင်း ပတ်လည် အင်္ဂတေပန်းဖြစ်ပြီး သီရိဝစ္ဆပုံ အင်္ဂတေပန်း ဖြစ်၍ အလွန်ရှေး ကျပြီး ပျူခေတ် နှင့် ခေတ်ပြိုင်ဟု ယူဆရပါသည်။