လောကနာထစေတီတော်

Listing Description

လောကနာထစေတီတော်သည် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ မြို့မရပ်ကွက်၊ ရေလည်ကျောင်းဝင်းအတွင်း တည်ရှိပါသည်။ စေတီတော်ကို မြန်မာသက္ကရာဇ် ၁၁၅၈ ခုနှစ်(ခရစ်နှစ် ၁၇၉၆) တွင် ဘိုးတော်ဗဒုံမင်းမှ မိတ္ထီလာကန်ကို ပြန်လည်ဆည်ဖို့ရင်း စေတီတော်အား ဓာတ်တော်၊ မွေတော်၊ ရွှေဆင်းတု၊ ငွေဆင်းတု၊ရွှေစေတီ၊ ငွေစေတီတို့ကို ဌာပနာ၍ တည်ထားခဲ့သည်ဟု သိရပါသည်။ ကာလကြာမြင့်လာသဖြင့် ပျက်စီးယိုယွင်းလာသော လောကနာထစေတီတော်အား ဆရာတော် နန္ဒဘိဓဇမှ ပြုပြင်မွမ်းမံ၍ စေတီတော်ဌာပနာတွင် ငွေအက္ခရာရေးသားပြီး လှူဒါန်းပူဇော်ခဲ့ပါသည်။ တတိယမြောက်ပြင်ဆင်သူမှာ ကျောင်းဒါယကာ ဦးဖြိုးသာနှင့် ဇနီး ဒေါ်မယ်သောင် တို့မှ ပြုပြင်မွမ်းမံ၍ ကျောင်းဦးပြသာဒ်နှင့် ရုပ်ပွားဆင်းတုတော်ကို လှူဒါန်းခဲ့ပါသည်။ စေတီတော်သည် ဖိနပ်တော် ၂၅ တောင်၊ ဉာဏ်တော်အမြင့် စိန်ဖူးတော်အထိ ၃၇ တောင်ရှိပါသည်။