ရှင်ဥဩဘုရား

Listing Description

ရှင်ဥသြဘုရားသည် ထား၀ယ်မြို့၊ ပိန္နဲတောရပ်၊ ရွှေကျောင်းကြီးကျောင်းဝင်းအတွင်း တည်ရှိပါသည်။ ထားဝယ်ဒေသရှိ သမိုင်းဝင်ရှင်ကိုးရှင်ဘုရားများတွင် တစ်ဆူအပါအဝင်ဖြစ်ပါသည်။ မင်းရှင်ဇော်(သို့) ရွှေတောင်းစားမင်းသည် သက္ကရာဇ် ၁၁၂၂ ခုနှစ်တွင် နန်းတော်နှင့်တကွ နန်းဦးဘုရား တည်၍ ရှင်ဥဩဟု ဘွဲ့တော်ပေးခဲ့ပါသည်။