ရှင်မော်တောင်စေတီ

Listing Description

ရှင်မော်တောင်စေတီ (ခေါ်) ရှင်မျှော်တောင်စေတီသည် ထားဝယ်မြို့မှ ၅၁ မိုင် ၃ ဖာလုံခန့်ရှိ လောင်းလုံမြို့နယ် ကြက်လွှတ်ရွာ ထား၀ယ်မြစ်ဝ ရှင်မော်တောင်အငူစွန်းတွင် တည်ထားလျက်ရှိပါသည်။ ထားဝယ်ဒေသရှိ သမိုင်းဝင်ရှင်ကိုးရှင်ဘုရားများတွင် တစ်ဆူအပါအဝင်ဖြစ်ပါသည်။ ယခင်က လှေသင်္ဘောများဖြင့်သာ သွားရောက်ပူဇော်နိုင်ပြီး ယခုအခါ တောင်ပေါ်ထိကားလမ်း ဖောက်လုပ်ထားရှိပါသည်။ ထားဝယ်ရာဇဝင်အရ ကောဇာသက္ကရာဇ် ၂၃၈ ခုနှစ်တွင် နဂါးမင်းကြီး၏တူတော် နဂါးစစ်သူကြီးဖြစ်သည့် ''ဝါသုလဒေဝ'' ကိုးကွယ်လျက်ရှိသည့် ရှင်တော်မြတ်စွာ၏ လက်ျာအံတော်မြတ်ကို ဌာပနာ ကိုးကွယ်ထားသော စေတီတော်တစ်ဆူ ဖြစ်ပါသည်။ ပင်လယ်ဝတွင် တည်ရှိသဖြင့် သဘာဝပတ်ဝန်းကျင် သာယာလှပသော စေတီတစ်ဆူဖြစ်ပါသည်။