ပေါင်တော်စေတီ

Listing Description

မြောက်ဦးမြို့ မဟာထီးဘုရားတည်ရှိရာ မဟာထီးရွာ၏မြောက်ဘက် တစ်မိုင်ခန့်ကွာဝေးသော တောင်ကုန်းပေါ်၌ တည်ရှိသည်။ စူဠစန္ဒြားမင်းသည် ရဟန္တာအရှင်အာနန္ဒာ၏ ပေါင်တော်ဓာတ်ကို ဌာပနာ၍ ဤပေါင်တော်စေတီကို ရုပ်လုံးရုပ်ကြွများ၊ ပန်းကနုတ်လက်ရာကျောက်ပြား၊ အုတ်ပြားများဖြင့် တည်ထားကိုးကွယ်ခဲ့သည်ဟု ဆိုပါသည်။ ကောဇာသက္ကရာဇ် ၉၅၃ ခုနှစ်တွင် ဘုရင်မင်းဖလောင်းက ဤစေတီကို ထပ်မံပြုပြင်မွမ်းမံကာ လယ်ယာမြေများလှူဒါန်းခဲ့ကြောင်း ကျောက်စာရေးထိုးခဲ့သည်။ ပေါင်တော်စေတီတည်ရှိရာရွာနှင့် အနီးရှိချောင်းကိုလည်း ပေါင်တော်ရွာ၊ ပေါင်တော်ချောင်းဟု ခေါ်တွင်ခဲ့ရာမှ ပေါင်းတုတ်ရွာ၊ ပေါင်းတုတ်ချောင်းဖြစ်လာခဲ့သည်။