ရတနာမှန်ကင်းစေတီ

Listing Description

မြောက်ဦးမြို့ ရတနာစံရွေးစေတီ၏တောင်ဘက် ကိုက် ၁၀၀ ခန့်အကွာ နတ်တောင်၏ တတိယတောင်စွယ်တွင် တည်ရှိသည်။ ကောဇာသက္ကရာဇ် ၈၅၄ ခုနှစ် (အေဒီ ၁၄၉၂)တွင် ဘစောညိုမင်း တည်ထားခဲ့သည်။ စေတီတော်အား အနောက်၊ တောင်၊ မြောက် သုံးဘက်တွင် မဟာရံတံတိုင်း ကာရံထားပြီး အရှေ့ဘက်မျက်နှာစာမှာ နတ်တောင်က နံရံတံတိုင်းသဖွယ် ကာရံထားသည်။ စေတီတော် တစ်ဆူလုံးကို ကျောက်သားအတိဖြင့် တည်ဆောက်ထားသည်။ ဂန္ဓကုဋီတိုက်သို့ဝင်ရောက်ရန် အရှေ့ဘက်တွင် မုခ်ပေါက်တစ်ခုရှိပြီး ထိုမုခ်ပေါက်တွင် နယားရုပ်၊ ဘီလူးရုပ်၊ ကျီးရုပ်၊ ဟင်္သာရုပ်၊ ခြူးပန်းခြူးနွယ်များ ထုလုပ်တန်ဆာဆင်ထားသည်။ ဂန္ဓကုဋီတိုက်ထဲတွင် ကျောက်ဆစ်လက်ရာ ပြောင်မြောက်စွာ ထုဆစ်ထားသော ဉာဏ်တော် ၇ ပေ အမြင့်ရှိ ကျောက်ညိုဆင်းတုတော်ကြီး တစ်ဆူ စံပယ်လျက်ရှိသည်။