ပေါ်တော်မူဘုရား

Listing Description

ပေါ်တော်မူဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ ပုဂံဒေသ၊ မြင်းကပါရပ်၊ ဓမ္မရံကြီးဘုရားအနီးတွင် တည်ရှိပါသည်။ ပေါ်တော်မူဘုရားကို ခရစ် ၁၁ ရာစုတွင် တည်ခဲ့သည်ဟု သိရပါသည်။ ဗြိတိသျှအစိုးရလက်ထက် ပခုက္ကူလမ်းလုပ်ငန်း အင်ဂျင်နီယာ မစ်စတာ စကိုဗယ် (Mr.Scovell)က စေတီတစ်ဆူကို ပြုပြင်ရာမှ အပြင်စေတီကို ခွာလိုက်သောအခါ စေတီငယ်တစ်ဆူပေါ်ထွက်လာခဲ့ပါသည်။ ထိုအချိန်မှစ၍ ယင်းပေါ်တော်မူစေတီငယ်ကို မစ္စတာ စကိုဗယ် ပေါ်တော်မူဘုရား (Mr.Scovell's Pawdawmu Pagoda )ဟု ခေါ်တွင်ခဲ့ကြပါသည်။ ပေါ်တော်မူစေတီ၏ အထက်ပိုင်းတွင် ငှက်ပျောဖူး၊ ကြာလန်၊ ကွမ်းတောင်ကို တဖြည်းဖြည်းခြုံယူသည့် ပိရမစ်ပုံစံနှင့် ခေါင်းလောင်းပုံတို့ရှိပြီး ခေါင်းလောင်းပုံအခြေတွင် ရှစ်မြှောင့်ဖောင်းရစ်များရှိကာ အနားခြောက်မြှောင့်ရှိ ပစ္စယာသုံးဆင့်ပေါ်တွင် တည်ဆောက်ထားသည်။ ပေါ်တော်မူစေတီကို မပျက်မစီး တွေ့ရ၍ ပုဂံခေတ်ဦးပိုင်း စေတီ၏ အပေါ်ပိုင်းဆိုင်ရာ တည်ဆောက်မှုကို သိရှိရသည်။