ရွှေဂူကြီးစေတီတော်

Listing Description

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ ဟန်လင်းပျူမြို့ဟောင်းတွင် တည်ရှိပါသည်။ သီရိဓမ္မာသောကမင်းကြီးကောင်းမှု စေတီပေါင်းရှစ်သောင်းလေးထောင်တွင် တစ်ဆူအပါအဝင်ဖြစ်သည်ဟု သိရပါသည်။ စေတီတော်သည် ဉာဏ်တော်အမြင့် ပေ ၁၀၀ ရှိပြီး ယခုအခါ ပြန်လည်ပြုပြင်ထားသောကြောင့် စေတီသစ်သဖွယ် ဖူးမြင်တွေ့ရပါသည်။ စေတီအနီးတဝိုက်တွင်လည်း ရှေးဟောင်း စေတီပုထိုးများစွာကို ဖူးမြင်တွေ့နိုင်ပါသည်။ စေတီတော်မှတစ်ဆင့် စေတီတော်၏မြောက်ဘက်၌ တူးဖော်ထားသည့် ကုန်းအမှတ် (၂၆) တွင် လွန်ခဲ့သည့် နှစ်ပေါင်း နှစ် ထောင်နှင့် လေးထောင်ကာလအကြားတွင် မြှုပ်နှံခဲ့သည့် ပျူသင်္ချိုင်းဟောင်းနေရာသို့ သွားရောက်လေ့လာနိုင်ပါသည်။